ဖယ်ရိုမင်းဂနီး(စ်)သတ္တုစပ် (Ferromanganese Alloy) ကို သန့်စင်ပြီး မင်းဂနီး(စ်)သတ္တုရိုင်းမှုန့် (Manganese Ore Concentrate) မှ လျှပ်ပန်းမီးဖို (Electric Arc Furnace) ဖြင့် ထုတ်လုပ်ခြင်းနည်းလမ်း
ဖယ်ရိုမင်းဂနီး(စ်)သတ္တုစပ် (Ferromanganese Alloy)ကို သန့်စင်ပြီး မင်းဂနီး(စ်)သတ္တုရိုင်းမှုန့် (Manganese Ore Concentrate) မှ လျှပ်ပန်းမီးဖို (Electric Arc Furnace) ဖြင့် ထုတ်လုပ်ခြင်းနည်းလမ်းသည် သန့်စင်ပြီး မင်းဂနီး(စ်)သတ္တုရိုင်းမှုန့် (Manganese Ore Concentrate)ကို တွဲစပ်ပစ္စည်း (Binder)၊ ကျောက်မီးသွေး (Coke) နှင့် ထုံး (Lime) ဖြင့် အတုံးအခဲ (Briquette) ပြုလုပ်ကာ လျှပ်ပန်းမီးဖို (Electric Arc Furnace) ထဲတွင် သတ္တုကြိုချက်မှု လုပ်ဆောင်၍ သန့်ရှင်းသောလုပ်ငန်းစဉ်ဖြင့် စွမ်းအင်သက်သာသည့် ဖယ်ရိုမင်းဂနီး(စ်) သတ္တုစပ် (Ferro-manganese Alloy) ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ကျိုချက်ခြင်းနည်းပညာ (Smelting Technology) ပြောင်းလဲစမ်းသပ်ခြင်းအားဖြင့် မင်းဂနီး(စ်) ၇၅-၈၀ % ပါဝင်၍ ကာဗွန်မြင့်မားသော ဖယ်ရိုမင်းဂနီး(စ်)သတ္တုစပ် (High Carbon Ferromanganese Alloy) အောင်မြင်စွာ စမ်းသပ်ကျိုချက်နိုင်ခဲ့ပါသည်။
A Process for Producing Ferromanganese Alloy from Manganese Concentrate by Using an Electric Arc Furnace
This invention relates to a process for producing ferromanganese alloy from manganese concentrate using an electric arc furnace (EAF). In this process, purified manganese ore concentrate is mixed with a binder, coke, and lime to form briquettes, which are then smelted in the electric arc furnace to produce ferromanganese alloy. The process provides a clean production method with improved energy efficiency. By modifying and testing the smelting technology, it was successfully shown that high-carbon ferromanganese alloy containing about 75-80% manganese can be produced.
| Year | Validity Start | Validity End | Payment |
|---|